US Agency for Global Media

News and Information from Around the World

Active filters Source: Rfa Burmese Rss
Clear all
2 Sep 2026, 15:04 GMT By RFA Burmese

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ကို စစ်ကူပို့နေတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာမှာ စစ်သင်္ဘောနှစ်စင်း ထပ်မံပျက်စီးပြီး စစ်သုံ့ပန်းရာနဲ့ချီ ဖမ်းဆီးမိခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နဲ့ စစ်ရေးသတင်းရင်းမြစ်တွေက RFA ကို အတည်ပြုပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေက ဆင်ခန်းတံတားအကျော် ဘူးတောင်ကျေးရွာအနီးမှာ သောင်တင်ပိတ်မိနေချိန် KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်သင်္ဘောနှစ်စင်း ထိခိုက်ပျက်စီးခဲ့ပြီး သင်္ဘောပေါ်မှာ ပါလာသူ ရာနဲ့ချီ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။ “ရွှေတွေတူးထားတော့ မြစ်ကြောင်းမှာ သောင်တွေထွန်းတော့ သောင်တင်သွားတာ။ ဒီမနက် ၆ နာရီကတည်းက ရွှေကူကနေ စစ်သင်္ဘောတွေ စထွက်တာ။ သင်္ဘောဝမ်းဗိုက်ပေါ်နဲ့သောင်နဲ့ထိပြီး လှုပ်မရပြုမရချိန် KIA နဲ့ ပူးပေါင်းတပ်တွေက ညှပ်ပိတ်ပြီး ပစ်တော့ အင်ဂျင်ခန်းတွေ မီးလောင်ပြီးပျက်စီးတာ။ နှစ်စင်းက အလံဖြူထောင်ပြီး ပူးပေါင်းလာတယ်။ နောက် ငါးစင်းကတော့ အောက်ကိုပြန်မျောသွားတယ်။ တချို့တွေလည်း သင်္ဘောပေါ်က ခုန်ချကြတာတွေရှိတယ်” လက်ရှိမှာ သိမ်းဆည်းရမိထားတဲ့ စစ်သင်္ဘောတွေပေါ်က စစ်လက်နက်ပစ္စည်းတွေနဲ့အတူ စစ်သုံ့ပန်းတွေကို ဖမ်းဆီးထားပြီး အဲဒီအထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ သူတို့အားလုံးကို လေကြောင်းအန္တရာယ်ကင်းတဲ့ နေရာတွေမှာ ထိန်းသိမ်းထားပြီး ဖမ်းဆီးရမိသူ အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ အဲဒီစစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။ ဖမ်းဆီးရမိသူတွေထဲက ထိခိုက်ဒဏ်ရာရထားသူတွေကို ဆေးကုသပေးနေပေမဲ့ စစ်တပ်က ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာကြောင့် အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးသူတချို့လည်း ရှိတယ်လို့ သူက ပြောပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်မှုကြောင့် အခုဆိုရင် မန္တလေးကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောတွေထဲက အနည်းဆုံး ရှစ်စင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ RFA ကို ပြောပါတယ်။ “ဒီနေ့(စက်တင်ဘာ ၂ရက်) နဲ့ဆိုရင် စစ်သင်္ဘောရှစ်စင်းထက်မနည်း ထိခိုက်ပျက်စီးသွားတယ်ပေါ့နော်။ တချို့လည်း ရေအောက်ရောက်သွားပြီ၊ တချို့လည်း ဘာမှသုံးစားလို့မရအောင် ပျက်စီးသွားတယ်ပေါ့နော်။ စစ်တပ်ဘက်ကလည်း လေကြောင်းကနေ ဆက်တိုက်ပစ်နေတာပေါ့။ ဩဂုတ်လ ၃၀ ရက်က လေယာဉ်အစင်း သုံးဆယ်၊ ၃၁ ရက်နေ့မှာ ၃၂ စင်း၊ စက်တင်ဘာ ၁ ရက်နေ့ကြတော့ ၂၁ စင်း၊ ဒီနေ့ဆိုရင်တော့ ရေတွက်လို့မနိုင်အောင်ကို စစ်တပ်က လာကြဲနေပါတယ်။ နှစ်ဖက်အကျအဆုံးကတော့ ရှိပေမဲ့ အတိအကျတော့ မသိရသေးဘူး” ဩဂုတ် ၂၇ ရက်နေ့ကနေ စက်တင်ဘာ ၂ရက်နေ့အတွင်း တိုက်ခိုက်မှုတွေမှာ စစ်တပ်သုံး သင်္ဘော ရှစ်စင်း ပျက်စီးသွားတာဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြို့တစ်မြို့ဖြစ်သလို နိုင်ငံရေးနဲ့ စစ်ရေးအရလည်း အရေးပါတဲ့နေရာဖြစ်တာကြောင့် စစ်တပ်က အလုံးစုံထိန်းချုပ်နိုင်ရေး နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်ကတည်းက မန္တလေးဘက်ကနေ ဗန်းမော်မြို့ကို စစ်ကူပို့ဆောင်ဖို့ စစ်လက်နက်၊ ရိက္ခာနဲ့ လူအင်အား ရာနဲ့ချီ သယ်ဆောင်လာတဲ့ စစ်သင်္ဘော ၁၄ စင်းဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

Download metadata bundle
1 Sep 2026, 22:37 GMT By RFA Burmese

စီးပွားရေးနဲ့ စားဝတ်နေရေးခက်ခဲနေတဲ့ မြန်မာပြည်သူတွေ အတွက် ရပ်ကွက်နဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေး အဖွဲ့တွေရဲ့ ပုံစံအမျိုးမျိုးနဲ့ ငွေကြေးတောင်းတာတွေကြောင့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေပါတယ်။ ကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့ သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download metadata bundle
1 Sep 2026, 19:20 GMT By RFA Burmese

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးချိန် ရပ်ရွာတွေထဲကို စီးနင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး နောက်ထပ် ၂၀ ခန့် ဒဏ်ရာရထားသလို နေအိမ်တချို့လည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက စက်တင်ဘာလ ၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ မနက် ၈ နာရီခန့်မှာ မုံရွာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီးနောက် ပြန်ဆုတ်လာတဲ့ စစ်တပ်စစ်ကြောင်းက ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာထဲကို ဝင်ရောက်ချိန် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဖခင်ဖြစ်သူ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “တိုက်ပွဲတွေဖြစ်တော့ ပြည်သူတွေက ရှောင်ကြတာပေါ့ဗျာ။ အဲဒါ ဆိုင်ကယ် နှစ်ယောက်ပိုစီးတယ်ဆိုပြီး ပစ်လိုက်တာ၊ သားအဖနှစ်ယောက်သေတယ်။ နောက်ထပ် ရွာသားတွေလည်း ဒဏ်ရာရတယ်။ ပြီးတော့ နွားလေးကောင်သေသွားတယ် တမင်သက်သက် သေနတ်နဲ့ ပစ်သတ်ခဲ့တာ။ အခုက စစ်ကြောင်းထိုးတဲ့နေရာမှာရော၊ စစ်ကြောင်းမထိုးသေးတဲ့ အနီးတစ်ဝိုက်မှာရော တိုက်ပွဲတွေဖြစ်နေတာ” ဩဂုတ်လ ၃၀ ရက်နေ့ကလည်း စစ်တပ်စစ်ကြောင်းထိုးနေတဲ့ ချောင်းဦးမြို့နယ်၊ ကျီကုန်းအရှေ့ရွာနဲ့ အနောက်ရွာအနီးတစ်ဝိုက်ကို ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ချိန် အရပ်သား ၉ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကြောင်းနဲ့ တိုးတဲ့ အမျိုးသားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းမှာတော့ စစ်တပ်စစ်ကြောင်း ရောက်နေတဲ့ ရွှေဒါးကျရွာထဲက နေအိမ် ၁၀ လုံးထက်မနည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းစထွက်တဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကတည်းက ဒေသခံ ၅၀ ခန့် စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခံရပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးဘူးလို့လည်း ဆိုပါတယ်။ စစ်ကြောင်းထိုးတဲ့ ဩဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ လေးရက်အတွင်းမှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကြောင်းထိုးရာနေရာတွေ၊ မုံရွာနဲ့ ချောင်းဦးမြို့နယ်ထဲက စစ်တပ်အထိုင်ချရာနေရာတွေမှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ တိုက်ပွဲတွေနဲ့ စစ်တပ်စစ်ကြောင်းထိုးနေတာတွေကြောင့် မုံရွာနဲ့ ချောင်းဦးမြို့နယ်ထဲမှာရှိတဲ့ ရွာ ၁၅ ရွာခန့်က ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာနေရသူ ၄ သန်းကျော် (၄,၀၃၁,၀၀၀ ဦး) ရှိနေပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၁ သန်းကျော် (၁,၃၄၆,၁၀၀ ဦး) ပါဝင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့အထိ စာရင်းမှာ ဖော်ပြထားပါတယ်။

Download metadata bundle
1 Sep 2026, 19:05 GMT By RFA Burmese

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာက အုပ်ချုပ်ရေးမှူးအပါအဝင် ရွာခံ ၁၂ ဦးကို ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကိုင် လူတစ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၄ နာရီခန့်မှာ အင်အား ၄၀ ခန့်ရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ကား လေးစီး၊ ဆိုင်ကယ်တွေနဲ့ ဝင်ရောက်လာပြီး ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ သတ်ဖြတ်ခံထားရသူတွေဟာ စစ်တပ်နဲ့ ပတ်သက်နေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါ ဆက်နွယ်တဲ့သူတွေ ဖြစ်ကြပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့လဲဆိုတာ မသိရသေးဘူးလို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။ “ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ၊ ဒလန်သတင်းပေး၊ ပြည်သူ့စစ်တွေလို့ ပြောတာပဲဗျ။ တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မဟုတ်သေးတော့ ဘယ်အဖွဲ့က လုပ်သွားလဲဆို တိတိကျကျ မသိရသေးဘူးပေါ့နော်” သေဆုံးခဲ့သူတွေဟာ မလှိုင်မြို့တောင်ဘက် မိတ္ထီလာမြို့အနီး စစ်တပ်စိုးမိုးထားတဲ့ ထမ္မကြီးကျေးရွာက ပြည်သူ့လုံခြုံရေး၊ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ (ပလကဖ) အဖွဲ့ဝင်တွေဖြစ်ပြီး သတ်ဖြတ်ခဲ့တဲ့ Guardians Of Mahlaing အဖွဲ့က စစ်ရေးပစ်မှတ် ဖြစ်တာကြောင့် ရှင်းလင်းခဲ့တာလို့ ဒေသတွင်း သတင်းတွေက ရေးသားထားပါတယ်။ ဒီ Guardians Of Mahlaing အဖွဲ့ကို RFA က စာပို့ မေးမြန်းရာမှာတော့ ပြည်သူ့စစ်အဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက မနက်စောစောပိုင်းအချိန်မှာ အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး ပစ်ခတ်သွားတာလို့ ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်တပ်ခန့် အစိုးရက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသလို စစ်တပ်သတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်လူမှုကွန်ရက် စာမျက်နှာတွေမှာတော့ ရွာသား ၁၂ ဦးကို PDF တွေက သတ်ဖြတ်ခဲ့တာလို့ ရေးသားထားပါတယ်။ လတ်တလောမှာ စစ်တပ်က မလှိုင်မြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေသလို ထမ္မကြီးရွာ အနီးတဝိုက်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ မလှိုင်မြို့နယ်ကို ဩဂုတ်လအတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် လယ်ဗျားရွာ၊ မိတ်ကုန်းရွာ၊ တောင်ရိုးတဲရွာနဲ့ကျောက်တန်းရွာ စတဲ့ ရွာပေါင်း ၄ ရွာက အိမ် ၄၀ ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး နေအိမ်တွေထဲက အဖိုးတန် ပစ္စည်းတွေလည်း ယူဆောင်ခံရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့ကစပြီး ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဘက်က လာတဲ့ စစ်ကြောင်းဟာ ကျောက်ပန်းတောင်း၊ တောင်သာနဲ့ မလှိုင် စတဲ့ သုံးမြို့နယ်အစပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့တာကြောင့် ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Download metadata bundle
1 Sep 2026, 18:40 GMT By RFA Burmese

တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှာ စစ်တပ်ခန့်အစိုးရက အကြီးစားစစ်ဆင်ရေးလုပ်ခဲ့ပြီး လူသားချင်းစာနာမှု အကူအညီပေးနေသူ သုံးဦးအပါအဝင် အရပ်သားအနည်းဆုံး ငါးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ Fortify Rights အဖွဲ့က ဩဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဇွန်လ ၂၄ ရက်နေ့မှာ တနင်္သာရီတိုင်းကို သွားရောက်ပြီး ထားဝယ်ရေနက်ဆိပ်ကမ်းအပါအဝင် မဟာဗျူဟာ စီးပွားရေးစီမံကိန်းတွေကို လုံခြုံရေးယူဖို့နဲ့ အမှတ် ၈ အမျိုးသားလမ်းမကြီးတစ်လျှောက် တော်လှန်ရေးတပ်ဖွဲ့တွေကို ချေမှုန်းဖို့ ညွှန်ကြားခဲ့တယ်လို့ Fortify Rights က ဆိုပါတယ်။ အဲဒီနောက် နှစ်ပတ်ခန့်အကြာမှာ အကြီးစားစစ်ဆင်ရေး စတင်ပြီး အဲဒီစစ်ဆင်ရေးအတွင်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရသလို ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာခဲ့ရတယ်လို့ Fortify Rights က ဆိုပါတယ်။ Fortify Rights အဖွဲ့ရဲ့ စုံစမ်းချက်အရ ဇူလိုင်လ ၉ ရက်နေ့မှာ ရေဖြူမြို့နယ် ခမောင်းချောင်း ကျေးရွာအနီး စစ်တပ်ခန့်အစိုးရက ခရီးသည်တင်ယာဉ် ခြောက်စီးကို တားဆီးပြီး ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ The Ants လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့ဝင် အသက် ၂၄ နှစ်အရွယ် အသာ၊ လီယွန်နဲ့ အသက် ၁၉ နှစ်အရွယ် မြတ်သူတို့ ပါဝင်ပြီး သူတို့သုံးဦးရဲ့ ရုပ်အလောင်းတွေကို ဇူလိုင်လ ၂၀ ရက်နေ့မှာ ဧကနိနဲ့ ဝဇွန်းတောကျေးရွာကြားက ဆီအုန်းခြံတစ်ခုမှာ ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ရုပ်အလောင်းတွေမှာ လည်ပင်း၊ ဦးခေါင်းနဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာတွေ ရှိနေပြီး အဲဒီအနီးမှာပဲ အနောက်ဆန်းချီကျေးရွာက စိုက်ပျိုးရေးလုပ်သားတစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိခဲ့တယ်လို့ Fortify Rights က ပြောပါတယ်။ Fortify Rights ဟာ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း အသက်ရှင်လွတ်မြောက်လာသူတွေ၊ ဒေသခံတွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးသူတွေအပါအဝင် လူ လေးဦးကို တွေ့ဆုံမေးမြန်းခဲ့သလို သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေနဲ့ မီးရှို့ခံထားရတဲ့ နေအိမ် ဓာတ်ပုံတွေကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ဝဇွန်းတောနဲ့ အနီးဝန်းကျင်ကျေးရွာတွေမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံတွေရဲ့ ပစ္စည်းတွေလည်း လုယူခံခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒေသခံတစ်ဦးရဲ့ ခန့်မှန်းချက်အရ နေအိမ် အလုံး ၂၀ ကနေ ၃၀ ဝန်းကျင်အထိ မီးရှို့ခံခဲ့ရပြီး နောက်ပိုင်းမှာ ဆေးခန်းတစ်ခုနဲ့ နေအိမ်နှစ်လုံးကိုပါ ထပ်မံမီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ ဒေသတွင်း ဆက်လက်လှုပ်ရှားနေတာကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်သေးသလို ပျောက်ဆုံးနေသူတွေကိုလည်း ရှာဖွေနိုင်ခြင်းမရှိသေးတာကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်ဟာ လက်ရှိအတည်ပြုထားတာထက် ပိုများနိုင်တယ်လို့ Fortify Rights က သတိပေးထားပါတယ်။ ဒီစစ်ဆင်ရေးတွေ ဖြစ်ပွားနေတဲ့နေရာဟာ ရုရှားရင်းနှီးမြှုပ်နှံမှုနဲ့ ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းအနီးမှာ ဖြစ်ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ထားဝယ်အထူးစီးပွားရေးဇုန်ကို သာမန်စီးပွားရေး စီမံကိန်းတစ်ခုအဖြစ်ပဲ ကြည့်လို့မရတော့ဘဲ စစ်တပ်ခန့်အစိုးရအတွက် မဟာဗျူဟာအရ အရေးပါတဲ့ နယ်မြေတစ်ခု ဖြစ်လာနေတယ်လို့ RFA ကိုပြောပါတယ်။ “ထားဝယ် SEZ မှာ ရေနက်ဆိပ်ကမ်း၊ စွမ်းအင်စီမံကိန်းတွေနဲ့ အဓိကသယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းတွေ ပါဝင်နေတာကြောင့် စစ်ကောင်စီအတွက် ဒီဒေသကို ထိန်းချုပ်ထားနိုင်ဖို့ ပိုအရေးကြီးလာပါတယ်။ ရုရှားနဲ့ စီမံကိန်းတွေ ပြန်အကောင်အထည်ဖော်ဖို့ ကြိုးစားလာတဲ့အချိန်မှာ အခုလို စစ်ရေးလှုပ်ရှားမှုတွေ တိုးလာတာနဲ့ စီမံကိန်းလုံခြုံရေးကြား ဆက်စပ်မှုရှိနိုင်တယ်လို့ သုံးသပ်နိုင်ပါတယ်။ ဒါပေမဲ့ ရုရှားရင်းနှီးမြှုပ်နှံမှုကြောင့်ပဲ ဒီစစ်ဆင်ရေးတွေ ဖြစ်လာတယ်လို့ တိုက်ရိုက်ကောက်ချက်ချဖို့တော့ နောက်ထပ်အထောက်အထားတွေ လိုပါတယ်။” ထားဝယ်အထူးစီးပွားရေးဇုန်ကို မြန်မာနဲ့ ထိုင်းတို့ ၂၀၀၈ ခုနှစ်မှာ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရပ်တန့်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာတော့ ရုရှားနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာလည်း ရုရှားအစိုးရထိန်းချုပ်ထားတဲ့ စွမ်းအင်ကုမ္ပဏီ Inter RAO နဲ့ မြန်မာဘက်က လောင်းလုံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီတို့ ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Fortify Rights အဖွဲ့ ထုတ်ပြန်ချက်အရ ထားဝယ်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်းအပြင် မဂ္ဂါဝပ် ၆၆၀ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံအပါအဝင် အကြီးစားစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ပဋိပက္ခဖြစ်နေတဲ့ဒေသမှာ အကြီးစားစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ နယ်မြေကို စစ်ရေးနည်းလမ်းနဲ့ ထိန်းချုပ်တာမျိုး ဖြစ်လာရင် ဒေသခံတွေ နေရပ်စွန့်ခွာရတာနဲ့ ပဋိပက္ခ ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါကြောင့် ရုရှားအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်မှာ ပါဝင်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ဒေသခံတွေရဲ့ မြေယာအခွင့်အရေး၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ အန္တရာယ်တွေကို သေချာစိစစ်ဖို့လိုတယ်လို့လည်း သူက ထောက်ပြပါတယ်။ Fortify Rights အဖွဲ့ကတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ လူသားချင်းစာနာမှု အကူအညီပေးသူတွေကို တမင်သတ်ဖြတ်တာ၊ အရပ်သားတွေနဲ့ အရပ်သားပိုင်နေရာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုမြောက်နိုင်တယ်လို့ ထောက်ပြထားပါတယ်။ ရေဖြူမြို့နယ်တချို့မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားနေပေမဲ့ အခုဖြစ်စဉ်တွေ ဖြစ်ပွားချိန်မှာ တိုက်ခိုက်ခံရတဲ့ ကျေးရွာတွေထဲ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေတယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရဘူးလို့လည်း Fortify Rights က ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရပြောရေးဆိုခွင့်ရှိသူ တနင်္သာရီတိုင်း၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ စစ်တပ်ခန့်အစိုးရဦးဆောင်တဲ့ တခြားဖွံ့ဖြိုးရေးစီမံကိန်းတွေမှာ ပါဝင်ဖို့ စီစဉ်နေတဲ့ အစိုးရတွေနဲ့ ကုမ္ပဏီတွေအနေနဲ့ ပြန်လည်သုံးသပ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှု မရှိစေဖို့ ဆောင်ရွက်သင့်တယ်လို့ Fortify Rights က တိုက်တွန်းထားပါတယ်။

Download metadata bundle
1 Sep 2026, 18:09 GMT By RFA Burmese

ရန်ကုန်နဲ့ မန္တလေးလိုမြို့ကြီးတွေမှာ အိမ်ရှင်အိမ်ငှားစာချုပ်ချုပ်တာ၊ ခရီးသွားဖို့နဲ့ အလုပ်အတွက် ထောက်ခံစာ၊ ဧည့်စာရင်းတိုင်တာနဲ့ စစ်မှုထမ်းကြေးအထိ အကြောင်းအမျိုးမျိုးနဲ့ ငွေပေးနေရပြီး၊ အထူးသဖြင့် ဝင်ငွေနည်းတဲ့ လက်လုပ်လက်စားတွေအတွက် အကြွေးထပ်တင်ရတဲ့အထိ ဖြစ်လာတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူတွေက RFA ကို ပြောပါတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၃၃ အရ ဧည့်စာရင်းတိုင်ကြားမှုအတွက် ငွေကြေးတောင်းခံခွင့် မရှိပါဘူး။ ဒါပေမဲ့ RFA က ဆက်သွယ်မေးမြန်းခဲ့သူတွေကတော့ ထောက်ခံစာတစ်စောင်အတွက် ကျပ်တစ်ထောင်ကျော်ကနေ သောင်းဂဏန်းအထိ ပေးနေရပြီး၊ အိမ်ရှင်အိမ်ငှားနဲ့ အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွေမှာလည်း ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ ပြောကြပါတယ်။ ရန်ကုန်မြို့က အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ နီးစပ်သူ အမျိုးသမီးတစ်ဦးက အိမ်ရှင်အိမ်ငှား၊ ဧည့်စာရင်းနဲ့ စာရွက်စာတမ်းဆိုင်ရာ ကိစ္စတွေမှာ ငွေပေးနေရတာတွေရှိတယ်လို့ ပြောပါတယ်။ “အရောင်းအဝယ်ဖြစ်ရင် အရောင်းဘက်ကရော အဝယ်ဘက်ကရော တောင်းတယ်။ အိမ်ရှင်၊ အိမ်ငှားဆိုရင်လည်း ကြေးညှိပြီးတောင်းတယ်။ ထောက်ခံစာဆိုရင် တစ်စောင်ကို ၁,၀၀၀၊ ၁,၅၀၀ ပေးရတယ်။ ဧည့်စာရင်း ရက်ကျော်ရင်လည်း ဓာတ်ဆီတစ်ဗူးပေးရတာ၊ ပိုက်ဆံ သုံးထောင်၊ ငါးထောင်ပေးရတာတွေရှိတယ်။ တော်တော်တော့ ကျပ်တည်းလာတယ်။ အရင်နဲ့ ဘာမှမဆိုင်ဘူး” မန္တလေးမြို့မှာလည်း အလားတူအခြေအနေတွေ ကြုံနေရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။ “ဧည့်စာရင်းပေးတဲ့ကိစ္စတို့၊ အိမ်ရှင်အိမ်ငှားစာချုပ်တို့မှာ အမျိုးမျိုး သူတို့ရနေတာ။ အခုသူတို့ ဘယ်လောက်ထိချမ်းသာတယ်ပြောရမယ်ဆိုရင် တိုက်တွေ၊ ကားတွေနဲ့ ငွေရေးကြေးရေးကစ အကုန်ပြည့်စုံပြီးမှ တော်တော်ကြီးကို ရပ်ကွက်မှာ ဂုတ်သွေးစုပ်နေတဲ့သူတွေလို့ ပြောလို့ရတယ်” ဧရာဝတီတိုင်းဘက်မှာတော့ ထောက်ခံစာနဲ့ ဧည့်စာရင်းကိစ္စတွေအပြင် “စစ်မှုထမ်းကြေး” ဆိုပြီး လစဉ်ကောက်ခံတာတွေ ပိုတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြောင်းမြမြို့နယ် ဒေသခံတစ်ဦးက သူတို့ဒေသမှာ စစ်မှုထမ်းကြေးဆိုပြီး လူတစ်ဦးကို လတိုင်း ကျပ် ခုနစ်သောင်းဝန်းကျင် တောင်းနေတာကြောင့် အကြွေးယူပေးနေရတယ်လို့ ပြောပါတယ်။ “တစ်ယောက်ကို ခုနစ်သောင်းလောက် တစ်လတစ်ခါ အမြဲကောက်နေတာ၊ လုပ်အားခက အမြင့်ဆုံး တစ်သောင်းခွဲပဲရှိတဲ့အခါ ခုနစ်သောင်းကို အကြွေးယူပြီး ထည့်ရတယ်” “စစ်မှုထမ်းကြေး” ဆိုပြီး ငွေကောက်ခံနေတာ မြောင်းမြတစ်နေရာတည်းမှာတော့ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက လစဉ် ငွေကြေးကောက်ခံနေတာပါ။ စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းမှာ ငွေကြေးတောင်းခံတာအပါအဝင် မမှန်မကန်ဆောင်ရွက်တာတွေ ရှိနေတယ်လို့ သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဘက်ကလည်း အရင်က ဝန်ခံထားပါတယ်။ ရပ်ကွက်နဲ့ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့တွေက အကြောင်းပြချက်အမျိုးမျိုးနဲ့ ငွေကြေးတောင်းခံနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ RFA က စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။ ဒီလို အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အကြောင်းအမျိုးမျိုးပြ ငွေတောင်းနေတဲ့ကိစ္စဟာ ရှမ်းပြည်နယ်တွင်းမှာလည်း ကြုံနေရတဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်က စစ်တပ်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ ဩဂုတ်လ ဒုတိယအပတ်လောက်က တင်ပြခဲ့ရာမှာ စစ်တပ်ခန့် ရှမ်းပြည်နယ်အစိုးရ စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလဆိုင်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ငွေကြေးကောက်ခံတာတွေ ဖော်ထုတ်စိစစ်တွေ့ရှိရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပေဒနဲ့ ထိထိရောက်ရောက်အရေးယူမယ်လို့ ပြန်ဖြေခဲ့ပါတယ်။ စားဝတ်နေရေးအတွက် နေ့စဉ်ရုန်းကန်နေရတဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် ဒီလို အပိုငွေကြေးတွေ ထပ်မံပေးဆောင်ရတာက ပိုပြီးဝန်ပိစေတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။ “ဒီအတိုင်းသာ ဆက်သွားရင် လူတွေ တော်တော်လေး ဒုက္ခအများကြီး ကြုံနေရမှာ။ တစ်နေ့တစ်နေ့ ပြောရမယ့် စကားလုံးတောင် မရှိဘူး။ အဲဒီတော့ ခေတ်ပြောင်းဖို့ပဲ မြန်မြန်လိုတယ်လို့ ပြောချင်တာပေါ့” ကမ္ဘာ့ဘဏ်ရဲ့ ၂၀၂၆ ဇွန်လထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် စီးပွားရေးဟာ နှစ် ရာခိုင်နှုန်းကျုံ့သွားပြီး ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုက ၂၄ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့ပါတယ်။ ဒီလို စားဝတ်နေရေးဖိအားတွေ ကြီးထွားနေချိန်မှာ နေ့စဉ် လိုအပ်တဲ့ ထောက်ခံစာနဲ့ ဧည့်စာရင်းလို စာရွက်စာတမ်းကြေးတွေကနေ စစ်မှုထမ်းကြေးအထိ အပိုငွေပေးနေရတာတွေဟာ ဝင်ငွေနည်းပြည်သူတွေကို အကြွေးသံသရာထဲ ပိုနစ်မွန်းစေတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။

Download metadata bundle
1 Sep 2026, 17:37 GMT By RFA Burmese

ကယား(ကရင်နီ)ပြည်နယ် မော်ချီးမြို့ကို စစ်တပ်က စက်တင်ဘာလ ၁ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေအပါအဝင် အရပ်သား ၆ ဦးသေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာရထားတယ်လို့ ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က RFA ကို ပြောပါတယ်။ စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ မော်ချီးမြို့ အပေါ်ကုန်းနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပြီး နေအိမ်အဆောက်အအုံတွေလည်း ပျက်စီးခဲ့တယ်လို့ ကို ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။ “ဒီညနေ(စက်တင်ဘာ ၁ရက်) ၄ နာရီဝန်းကျင်မှာ စစ်ကောင်စီကနေ ဂျက်ဖိုက်တာ ၂ စီးနဲ့ နှစ်နေရာ ဗုံးကြဲတယ်။ လက်ရှိအချိန်ထိ ၆ ဦးသေဆုံးတယ်ဆိုတာ အတည်ပြုလို့ရတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၆ ဦး၊ ၇ ဦးရှိပါတယ်။ ပျက်စီးမှုတွေကလည်း တော်တော်များပါတယ်” ဩဂုတ်လ ၂၈ ရက်နေ့ ညပိုင်းကလည်း နန်းမယ်ခုံ မြို့နယ်ထဲက ရွာတစ်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဩဂုတ်လ ၄ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်းမှာလည်း ဖရူဆို၊ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့နယ်တွေထဲမှာ စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ၆ လသားအရွယ် ကလေးငယ်အပါအဝင် အရပ်သား ၉ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၃၁ ရက်အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆,၀၆၂ ဦးအထိ ရှိခဲ့ပါတယ်။

Download metadata bundle
31 Aug 2026, 21:40 GMT By RFA Burmese

မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဥ်းသားအခွင့်အရေးတွေအတွက် ဦးဆောင် ကြိုးပမ်းလုပ်ကိုင် နေတဲ့ မြန်မာနိုင်ငံနိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အဖွဲ့ (AAPP) က ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးဘိုကြည်ကို ဖိလစ်ပိုင်နိုင်ငံ အ‌ြေခစိုက် ရာမွန်မက်ဆေးဆေး (Ramon Magsaysay) ဆုကို ချီးမြှင့်လိုက် ပါတယ်။ ဦးဘိုကြည်နဲ့ အတူ ပင်လယ်ရေကြောင်းဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာဥပဒေချမှတ်နိုင်ရေး ဦးဆောင် ကြိုးပမ်းခဲ့တဲ့ စင်္ကာပူရှေ့နေနဲ့ သံတမန်တစ်ဦးဖြစ်သူ တွမ်မီကိုး၊ ဘင်္ဂလားဒေ့ရှ် လူမှုဝန်ထမ်း နဲ့ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်သူ ရူနာခန်းတို့ကိုလည်း ၂၀၂၆ အတွက် ရာမွန်မက်ဆေးဆေးဆုကို ချီးမြင့်မယ်လို့ အဖွဲ့က သြဂုတ်လ ၃၁ ရက်နေ့မှာ ကြေညာပါတယ်။ အာရှရဲ့ နိုဘဲလ်ဆိုလို့ တင်စားခံရတဲ့ ဒီဆုဟာ ၁၉၅၇ ခုနှစ်က လေယာဥ်ပျက်ကျ ကွယ်လွန်ခဲ့တဲ့ ပြည်သူချစ်တဲ့ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရာမွန်မက်ဆေးဆေးကို ဂုဏ်ပြုအမည်ပေးထားတဲ့ ဒီဆုကို အာရှနိုင်ငံတွေက ကိုယ်ကျိုးမဖက်ဘဲ အများအတွက် စိတ်ဓာတ်မြင့်မားကြီးကျယ်သူတွေကိုကို ဂုဏ်ပြုချီးမြှင့်တာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသား ရှေ့နေနဲ့ သံတမန်တစ်ဦးဖြစ်သူ အသက် ၈၈ နှစ်အရွယ်ရှိ တွမ်မီကိုး (Tommy Koh) ဟာ နိုင်ငံတကာ တရားဥပ‌ဒေစိုးမိုးရေးနဲ့ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းရေးတွေကို ဦးဆောင်ကြိုးပမ်းခဲ့မှုအတွက် ဒီဆုကို ချီးမြှင့်တာဖြစ်ပြီး ၁၉၈၂ ခုနှစ်က ကုလသမဂ္ဂက ချမှတ်ခဲ့တဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ဥပဒေစာချုပ် ချမှတ်နိုင်အောင် ဦးဆောင်ခဲ့သူတစ်ဦးအဖြစ် ထင်ရှားပါတယ်။ ဒီဘဘောတူစာချုပ်ကြောင့် ၂၀၁၆ သည်ဟိတ်ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရုနိုင်း၊ ထိုင်ဝမ်တို့ အကြား တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှု အငြင်းပွားတာကို ဖြေရှင်းနိုင်ခဲ့တာလို့ ဆုရွေးခြယ်ရေးအဖွဲ့က ပြောပါတယ်။ အသက် ၆၁ နှစ်အရွယ် မြန်မာလူ့အခွင့်အရေးလှုပ်ရှားသူ ဦးဘိုကြည်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်‌ရှောက်ရေး လှုပ်ရှားမှုတွေနဲ့ ခေတ်အဆက်ဆက် မြန်မာအာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို နှစ်ကြိမ်ခံခဲ့ရပြီး အကျဥ်းထောင်မှာ ခုနစ်နှစ် ပြစ်ဒဏ်ခံခဲ့ရသူဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံအရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ) ကို တခြား နိုင်ငံရေးအကျဥ်းသား ဟောင်းတွေနဲ့ အတူ ဖွဲ့စည်းခဲ့ပြီး အခုအချိန်အထိ ဘဝကို မြုပ်နှံပြီး မတရားဖမ်းဆီးချုပ်နှောင်အကျဥ်းချခံရ သူတွေကို မှတ်တမ်းတင်တာ၊ အဖမ်းဆီးခံရသူတွေနဲ့ မိသားစုတွေကို ကူညီထောက်ပံ့တာတွေနဲ့ စစ်အာဏာပိုင်တွေလက်အောက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ ဘဝကို ကမ္ဘာကသိအောင် လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသူ လူမှုဝန်ထမ်းကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ ရူနာခန်း (Runa Khan) ကတော့ နိုင်ငံရဲ့ အဆင်းရဲတကာ့ အဆင်းရဲဆုံးပြည်သူတွေကို ကရုဏာကြီးစွာနဲ့ ကူညီစောင့်ရှောက်ကယ်ဆယ် ပေးခဲ့တဲ့အတွက် အခုလို ဆုချီးမြှင့်တာလို့ သိရပါတယ်။ ကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပေမယ့် ၁၉၇၉ မှာ ကျောင်းဆရာမအဖြစ်နဲ့ ဆင်းရဲသားကလေးတွေကို ပညာသင်ပေးခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ဘင်္ဂလား‌ဒေ့ရှ် မိတ်ဆွေအသင်း (Friendship Bangladesh) ကိုထူထောင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကလေးသူငယ်တွေကို ပညာသင်ပေးရေး၊ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်မားရေးနဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အလန်းတွေ ရှာဖွေဖန်တီးရေးနဲ့ အပစ်ပယ်ခံတွေကို တရားမျှတမှုရရှိအောင် ကူညီပေးရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အဖွဲ့မှာ ဝန်ထမ်း ၇၅၀၀ ရှိပြီး ဆေးရုံ နှစ်ရုံ၊ ရေပေါ်ဆေးရုံသင်္ဘော ခုနစ်စီး၊ ရွေ့လျားဆေးခန်း ၅၅၀ ရှိတယ်လို့ သိရပါတယ်။ အခုနှစ်အတွက် ဆုပေးပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရှိ မြို့တော်ကဇာတ်ရုံ (Metropolitan Theatre) မှာ ကျင်းပမှာဖြစ်ပြီး ဆုတံဆိပ်တစ်ခု၊ ဂုဏ်ပြုဘွဲ့လက်မှတ်တစ်စောင်နဲ့ အရေအတွက် ထုတ်ဖော်ကြေညာခြင်းမရှိတဲ့ ငွေသားဆုတို့ပါဝင်မယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နို်ငငံ အခြေစိုက်တဲ့ မက်ဆေးဆေးဆုကို အရင်က မြန်မာနိုင်ငံက လူမှုဝန်ထမ်းဆောင်ရွက်သူတွေ ချီးမြှင့််ခံရဖူးပါတယ်။ အရင်က ရာမွန်မက်ဆေးဆေးဆု ရရှိခဲ့တဲ့ပုဂ္ဂိုလ်တွေကတော့ ၁၉၅၉ ခုနှစ်မှာ သတင်းစာဆရာဦးလောရုံ၊ ပရဟိတသမား ဒေါ်တီးတီး၊ ၂ဝဝ၂ ခုနှစ်မှာ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင် ၊ ၂ ဝဝ၉ ခုနှစ်မှာ လူ့အခွင့်အရေးလှုပ်ရှားသူ ကစောဝါး ၊ ၂၀၁၃ ခုနှစ်မှာ ကချင်ပြည်နယ် မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကချင်အမျိုးသမီး Laphai Seng Raw ၊ ၂၀၁၅ ခုနှစ်မှာ ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ဦးကျော်သူ ၊ ၂၀၁၉ မှာ မြန်မာနိုင်ငံက Myanmar Now သတင်းဌာန အယ်ဒီတာ ကိုဆွေဝင်း တို့ကို မက်ဆေးဆေးဆုချီးမြှင့်ခဲ့ဖူးပါတယ်။

Download metadata bundle
31 Aug 2026, 17:55 GMT By RFA Burmese

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မြောက်ပိုင်း မရှိန်းလှော်အုပ်စု၊ ဝုမ်းခုမ်ကျေးရွာကို ဩဂုတ်လ ၃၀ ရက် ညနေ ၅ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ရှစ်ဦး သေဆုံးပြီး အနည်းဆုံး ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး (CPU) က ဩဂုတ်လ ၃၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ချင်းပြည်သူ့အစည်းအရုံး (CPU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝုမ်းခုမ်ကျေးရွာကို တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက်လေယာဉ် နှစ်စင်းက ပေါင် ၅၀၀ ဗုံး လေးလုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မူလတန်းအရွယ် ကျောင်းသား နှစ်ဦး၊ နဝမတန်းကျောင်းသား တစ်ဦးနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဒေသခံ ရှစ်ဦး သေဆုံးခဲ့တယ်လို့ အဲဒီအခြေအနေကို သိရှိတဲ့ မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။ “KG တန်းကလေးငယ် တစ်ဦးရယ်၊ နဝမတန်းကျောင်းသားတစ်ဦးရယ်၊ အသက် ၆၀ ကျော်အရွယ် နှစ်ဦးရယ် ပါတယ်လို့ သိထားတယ်။ ကျန်တဲ့လူတွေက ဘယ်တွေကလဲဆိုတာ မသိရသေးဘူးဗျ။ သေဆုံးက အမျိုးသား လေးဦး၊ အမျိုးသမီး လေးဦးပါ။ အသေးစိတ်မေးဖို့က လိုင်းမတက်လာကြတော့ ထပ်မသိရသေးဘူး။ အကုန်လုံးက ရှောင်ပြေးနေကြရတယ်” ချင်းပြည်သူ့အစည်းအရုံး ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ စစ်ဘေးဒုက္ခသည် နှစ်ဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ၂ဝ၂၆ ခုနှစ် မေလလယ်လောက်စပြီး စစ်တပ်က ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ချင်းပြည်သူ့တပ်မတော် မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ချင်းပြည်နယ်အတွင်းက မြို့နယ်အတော်များများမှာ စစ်တပ်က ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် လေကြောင်းတိုက်ခိုက်မှုအပြီး နောက်ဆက်တွဲအခြေအနေ အသေးစိတ်ကို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ လေကြောင်းတိုက်ခိုက်ခံရတဲ့ ကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေမှာ နေထိုင်သူတွေကတော့ လေကြောင်းရန်ကနေ ကင်းလွတ်နိုင်မယ်လို့ ယူဆရတဲ့နေရာတွေကို ယာယီရှောင်တိမ်းနေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ချင်းညီနောင် (Chin Brotherhood) အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း မင်းတပ်မြို့နယ်မြောက်ပိုင်းက ကျေးရွာတစ်ရွာကို လေယာဉ်နှစ်စင်းက ဆက်တိုက် ပေါင် ၅၀၀ ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့တာကို RFA ကို အတည်ပြုပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းဖြေဆိုတာ မရှိပါဘူး။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဩဂုတ်လ ၃၁ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်နဲ့ အရပ်သား ပြည်သူစုစုပေါင်း ၈,၃၃၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Download metadata bundle
31 Aug 2026, 16:36 GMT By RFA Burmese

အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် ကျမ်းကျိန်ခဲ့တဲ့ ဧပြီလ ၁၀ ရက်ကနေ ဩဂုတ်လ ၂၀ ရက်အထိ လေးလကျော်အတွင်း နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၆၇၂ ကြိမ် ရှိခဲ့ပြီး အရပ်သား ၃၀၅ ဦး သေဆုံးကာ ၆၆၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ (Nyan Lynn Thit Analytica - NLTA) က ဩဂုတ်လ ၃၀ ရက်မှာ RFA ကို ပြောပါတယ်။ တိုင်းနဲ့ ပြည်နယ်အလိုက်ကြည့်ရင် စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၂၆ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး အရပ်သား ၆၉ ဦး သေဆုံးကာ ၁၈၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ မကွေးတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၂၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၁၉ ဦး သေဆုံးကာ ၆၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ချင်းပြည်နယ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ၁၁၃ ကြိမ်ရှိခဲ့ပြီး အရပ်သား ၄၂ ဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ၇၆ ကြိမ်အတွင်း အရပ်သား ၆၄ ဦး သေဆုံးပြီး ၁၇၂ ဦး ဒဏ်ရာရခဲ့သလို ကရင်ပြည်နယ်မှာ ၆၆ ကြိမ်အတွင်း အရပ်သား ၃၉ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ ၂၃ ကြိမ်၊ ကချင်ပြည်နယ်မှာ ၂၂ ကြိမ်၊ ဧရာဝတီတိုင်းမှာ ၂၀ ကြိမ်၊ မွန်ပြည်နယ်မှာ ၁၇ ကြိမ်၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ မန္တလေးတိုင်းမှာ ၁၆ ကြိမ်စီ၊ ကယားပြည်နယ်မှာ ၁၂ ကြိမ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၁ ကြိမ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ ခြောက်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ NLTA က ပြောပါတယ်။ သေဆုံးသူအရေအတွက်အရ စစ်ကိုင်းတိုင်းမှာ ၆၉ ဦးနဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ၆၄ ဦး၊ ချင်းပြည်နယ်မှာ ၄၂ ဦးနဲ့ ကရင်ပြည်နယ်မှာ ၃၉ ဦးတို့ ဖြစ်ပါတယ်။ အာဏာသိမ်းခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ လျော့ကျမသွားတာဟာ အရပ်သားတွေအတွက် စိုးရိမ်စရာအခြေအနေဖြစ်တယ်လို့ စစ်ရေးပဋိပက္ခတွေကို လေ့လာစောင့်ကြည့်နေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ “ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဆိုပြီး ကျင်းပခဲ့ပြီး နိုင်ငံတကာကိုတော့ ရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရတစ်ရပ်အဖြစ် ပြသဖို့ ကြိုးစားခဲ့တာပေါ့။ ဒါပေမဲ့ မင်းအောင်လှိုင် သမ္မတဖြစ်လာပြီး ကာကွယ်ရေးဦးစီးချုပ်အသစ် လက်ထက်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေ လျော့မသွားဘူး။ လေးလကျော်အတွင်း အကြိမ် ၇၀၀ နီးပါးရှိပြီး အရပ်သား သုံးရာကျော် သေဆုံးခဲ့တယ်ဆိုတာ အလွန်များတဲ့ပမာဏပါ။ အရပ်သားတွေရှိတဲ့နေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့တာကို ကြည့်ရင် အရပ်သားကာကွယ်ရေးကို အလေးထားမှုမရှိဘူးလို့ မြင်ရတယ်” ဒီအချက်အလက်တွေကို RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

Download metadata bundle
30 Aug 2026, 22:29 GMT By RFA Burmese

၁၉၈၈ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်မှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်တပ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို “မြေပေါ်မြေအောက် အဖျက်သမားတွေရဲ့ တိုင်းပြည်ဆူပူအုံကြွစေမှု” နဲ့ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောလိုက်ပါတယ်။ ဩဂုတ် ၂၇ ရက်နေ့က ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ နည်းပြတွေ၊ ဗိုလ်လောင်းတွေ၊ ဘွဲ့လွန်သင်တန်းသားတွေ၊ အရာရှိနဲ့ စစ်သည်တွေကို တွေ့ဆုံချိန် အဲဒီလို ပြောခဲ့တာလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ၁၉၈၈ နဲ့ ၂၀၂၁ ခုနှစ် ဖြစ်ရပ်တွေကြောင့် တိုင်းပြည်ပြိုကွဲမယ့် အခြေအနေအထိ ရောက်ခဲ့ပြီး စစ်တပ်က နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို အချိန်မီ ယူခဲ့ရတာလို့လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောခဲ့ပါတယ်။ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ခေါင်းဆောင်တွေရဲ့ အခုလိုပြောဆိုမှုဟာ လက်တွေ့ဖြစ်ရပ်တွေနဲ့ ဆန့်ကျင်နေတယ်လို့ RFA ကို ပြောပါတယ်။ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေလို့ သူတို့က ပြောပေမယ့် သူတို့ကိုယ်တိုင်က ဥပဒေမဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာပါ။ လေယာဉ်နဲ့ ဗုံးကြဲတာ၊ မြေပြင်မှာ စစ်ကြောင်းထိုးပြီး ရွာစဉ်ရွာဆက် မီးရှို့တာ၊ ပြည်သူတွေကို သတ်ဖြတ်တာတွေ လုပ်နေတာကလည်း သူတို့စစ်တပ်ပဲလေ” ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး စစ်တပ်ရဲ့ ဖြိုခွင်းမှုတွေကြောင့် ဆန္ဒပြသူတွေ သေဆုံးတာနဲ့ ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကတော့ အဲဒီလှုပ်ရှားမှုတွေကို လူထုဆန္ဒပြလှုပ်ရှားမှုတွေလို့ မသုံးနှုန်းဘဲ “အဖျက်သမား”၊ “ဆူပူအုံကြွမှု” နဲ့ “မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေ” လို့ သုံးနှုန်းခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဩဂုတ် ၂၅ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ ပိုမိုဆိုးရွားလာပြီး စစ်ပွဲ၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဒုက္ခတွေ ပိုနက်ရှိုင်းလာတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ကန့်သတ်တာတွေ ဆက်လုပ်နေပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် အနည်းဆုံး အရပ်သား ၈,၀၇၅ ဦး သေဆုံးခဲ့တယ်လို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆိုပါတယ်။ တကယ့်သေဆုံးသူအရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ အသက် ၆၀ အရွယ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဟာ ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို လွှဲပြောင်းရယူခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့တဲ့ စစ်တပ်အဖွဲ့ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ဦးဆောင်ခဲ့တယ်လို့ Reuters သတင်းဌာနက ဖော်ပြထားပါတယ်။

Download metadata bundle
30 Aug 2026, 20:48 GMT By RFA Burmese

မြို့ကြီးတွေမှာ တရားဥပဒေစိုးမိုးရေး အားနည်းလာသလို၊ အွန်လိုင်းလောင်းကစားဂိမ်း တွေနဲ့ မူးယစ်ဆေးဝါးပေါလာပြီး ဒုစရိုက်မှုတွေ ပိုများလာတဲ့အတွက် လုံခြုံမှုကင်းမဲ့လာနေတဲ့အကြောင်း သတင်းပေးပို့ချက်နဲ့ ထူးခြားတဲ့ သတင်းတွေကို တင်ပြထားပါတယ်။ RFA ရေဒီယိုနဲ့ရုပ်သံ အထူး အစီအစဉ်ကို RFA Burmese YouTube နဲ့ Facebook စာမျက်နှာတွေက တဆင့် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့မနက်ခင်းမှာ အသစ် လွှင့်တင်ထားမှာဖြစ်ပြီး ညစဥ် ညနေ ၇ နာရီကနေ ၇ နာရီ ၃၀ မိနစ်အထိ ရေဒီယို လှိုင်းတို မီတာ ၁၉၊ ကီလိုဟတ်စ် ၁၅၂၄၅ ကနေ ထုတ်လွှင့်နေပါတယ်။ ။

Download metadata bundle
30 Aug 2026, 20:05 GMT By RFA Burmese

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မုံရွာမြို့နယ်အစပ်က ရွာတွေကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ‌ကြောင့် ဒေသခံ ရှစ်ထောင်လောက် ထွက်ပြေးနေရသလို စစ်ကြောင်းနဲ့တွေ့တဲ့ အရပ်သား ၅၀ ခန့်လည်း ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ဩဂုတ်လ ၃၀ ရက်နေ့မှာ RFA ကို ပြောပါတယ်။ ချောင်းဦးမြို့နယ် ခင်မွန်ရွာကနေ အင်အား ၁၂၀ ခန့်ပါဝင်တဲ့ စစ်တပ်စစ်ကြောင်းက ဩဂုတ်လ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ကျီကုန်းအရှေ့ရွာကို စစ်ကြောင်းထိုးလာချိန် ခင်မွန်နဲ့ ကျီးကုန်းအရှေ့ ရွာကြားမှာ နေထိုင်တဲ့ ပြည်သူတွေ ဖမ်းဆီးခံရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ “စစ်ကြောင်းစထွက်လာချိန်မှာ တဲတိုက်တွေထဲကလူတွေကို သူတို့သွားရင်းမတ်တပ်တွေ့တော့ ခေါ်သွားတာ။ လူငါးဆယ်လောက်ခေါ်သွားတယ်။ စစ်ကြောင်းကလည်းဆက်ထိုးနေတော့ အဖမ်းခံထားရတဲ့သူတွေရဲ့ အခြေအနေဘယ်လိုရှိတယ်ဆိုတာ မသိရသေးဘူး။ ဒီနေ့(ဩဂုတ် ၃ဝ) လည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာ” ဩဂုတ် ၃၀ ရက်နေ့မှာတော့ စစ်တပ်စစ်ကြောင်းက ကျီကုန်းအနောက်ရွာနဲ့ အနီးတစ်၀ိုက်က ရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ပွိုင့်ဖိုက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်ထဲမှာရှိတဲ့ ကျီကုန်း(အရှေ့ရွာ)၊ မယ်သဲကြိုး၊ ဒိုင်းကွေ့၊ ကြက်သွန်စျေး၊ ချောင်းမနား၊ ထန်းတောကြီး၊ အင်းမအပြင် မုံရွာမြို့နယ်ထဲက ကျီကုန်းအနောက်ရွာ (ကျီကုန်းရွာသစ်)၊ သစ်ဆိမ့်၊ ချောင်းဆုံ အစရှိတဲ့ရွာတွေက ဒေသခံ ရှစ်ထောင်ထက်မနည်း တိမ်းရှောင်နေရတယ် လို့ဆိုပါတယ်။ စစ်ကြောင်းဟာ ဩဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ ကျီကုန်းအနောက်ရွာ (ကျီကုန်းရွာသစ်)နဲ့ သစ်ဆိမ့်ရွာကြားအထိ ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ချောင်းဦးမြို့နယ်ထဲကို စစ်တပ်က စစ်ကြောင်းထိုးချိန် ဆင်မြေ၊ ငါးလုံးတင်နဲ့ မထိသာ ရွာတွေက နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသလို စစ်ကြောင်းထိုးချိန်အတွင်း လက်နက်ကြီးနဲ့ ဒရုန်းသုံး တိုက်ခိုက်မှုတွေကြောင့်လည်း ဒေသခံအမျိုးသား ၃ ဦးသေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာနေရသူ ၄ သန်းကျော် (၄,၀၃၁,၀၀၀ ဦး) ရှိနေပြီး၊ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၁ သန်းကျော် (၁,၃၄၆,၁၀၀ ဦး) ပါဝင်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်အထိ စာရင်းမှာ ဖော်ပြထားပါတယ်။

Download metadata bundle
30 Aug 2026, 19:34 GMT By RFA Burmese

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းအဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစ်စင်း ပျက်စီးသွားပြီး စစ်တပ်ဘက်က ထိခိုက်မှုတွေ ရှိတယ်လို့ KIA က အတည်ပြုပြောပါတယ်။ ဗန်းမော်မြို့ ကို စစ်အင်အားနဲ့ ရိက္ခာတွေ အလွယ်တကူ မရောက်နိုင်အောင် ကြားဖြတ်တိုက်ခိုက်နေတာလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။ “ဒီကနေ တိုက်ခိုက်နေလို့ မတက်နိုင်ဖြစ်နေတာ။ မတိုက်ခိုက်ရင် သူတို့က တန်းတက်သွားမှာပေါ့။ မနေ့က (ဩဂုတ် ၂၉ ရက်) လည်း သူတို့အဖွဲ့တွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်တာ။ ဒါကြောင့် လုံခြုံရေး မရှိတော့ဘူးလေ။ အဲဒါကြောင့် တိုက်ခိုက်ရေးသင်္ဘောတောင် ပြန်ခေါက်သွားတာ။ အခုလောလောဆယ် ရွှေကူမှာပဲ ရပ်နေတာ၊ ရွှေကူကနေ ဆက်မတက်သေးဘူး” ဩဂုတ် ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ ရွှေကူမြို့ဆိပ်ကမ်းမှာ ကမ်းကပ်ရပ်နားထားတဲ့ ရိက္ခာတင် စစ်သင်္ဘောတွေကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောတစ်စင်း မီးလောင်ပျက်စီးသွားပြီး စစ်တပ်ဘက်က တပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KIA က ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။ အလားတူ ဩဂုတ် ၂၉ ရက် မနက်အစောပိုင်းကလည်း ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ရိက္ခာနဲ့ စစ်ကူအင်အား တင်ဆောင်လာတဲ့ စစ်သင်္ဘောတွေ ဇင်းဘုံရွာမှာ ကမ်းကပ်ရပ်နားနေချိန် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် သင်္ဘောနှစ်စင်းလုံး နောက်ကြောင်းပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။ စစ်သင်္ဘောတွေပေါ်ကနေ သိမ်းဆည်းရရှိထားတဲ့ စစ်လက်နက်ခဲယမ်းတွေနဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ဗိုလ်မှူးကြီး နော်ဘူက အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ကျေးရွာတွေကို စစ်တပ်ဘက်က ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီး မျိုးအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်ကတည်းက မန္တလေးကနေ ဗန်းမော်မြို့ကို စစ်ကူပို့နိုင်ဖို့ စစ်လက်နက်၊ ရိက္ခာနဲ့ လူအင်အား ရာနဲ့ချီ တင်ဆောင်လာတဲ့ စစ်သင်္ဘော ၁၄ စင်းဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဘက်ကို ဆန်တက်လာတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်က စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေကို စစ်လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ကုန်းလမ်းကနေ ပို့ဆောင်လို့မရအောင် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မြို့တွေနဲ့ လမ်းပိုင်းတွေကို သိမ်းပိုက်ဖြတ်တောက်ထားတာကြောင့် စစ်တပ်ဟာ ဗန်းမော်မြို့တိုက်ပွဲအတွက် လိုအပ်တဲ့ စစ်လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ အင်အားတွေကို ရေကြောင်းကနေ တစ်နှစ်တစ်ကြိမ် ပို့ဆောင်နေရတယ်လို့ KIA က ဆိုပါတယ်။

Download metadata bundle
30 Aug 2026, 18:29 GMT By RFA Burmese

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း နိုင်ငံတဝန်း တရားဥပဒေစိုးမိုးရေး ပိုပြီးအားနည်းလာသလို၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နဲ့ နယ်စပ်မြို့ကြီးတွေမှာ မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလောင်းကစားဂိမ်းတွေ ပိုများလာ ပါတယ်။ အကျိုးဆက်အနေနဲ့ ခိုးဆိုးလုယက်သတ်ဖြတ်တာတွေဖြစ်လာတဲ့အတွက် လုံခြုံရေးစိုးရိမ်နေရတယ် လို့ မြို့ခံတွေက RFA ကိုပြောပါတယ်။ မန္တလေးမြို့မှာ ၂၀၂၃ ခုနှစ်ကစပြီး စလော့ဂိမ်းနဲ့ မူးယစ်ဆေးဝါးဟာ လူထုကြားကိုရောက်ရှိလာသလို ၂၀၂၄ ခုနှစ် ကစပြီး အွန်လိုင်းလောင်းကစားကို အကြီးအကျယ်ကစားလာကြပြီး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား သုံးစွဲတာတွေလည်း ပိုများလာတယ်လို့ မြို့ခံတွေကပြောပါတယ်။ လက်ရှိအချိန်မှာ WY ဆေးတစ်ပြားကို ငွေကျပ်ငါးထောင်လောက်နဲ့ ရပ်ကွက်တိုင်းမှာ ဝယ်လို့ရနေတယ်လို့ ပြောပါတယ်။ အွန်လိုင်းဂိမ်းတွေ ကစားလာကြတာနဲ့အမျှ လုယက်သတ်ဖြတ်မှုတွေလည်း ပိုတွေ့လာရတယ်လို့ လုံခြုံရေး ကြောင့် အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက RFAကို ပြောပါတယ်။ “စလော့ဂိမ်းကတော့ မိန်းမ၊ ယောက်ကျားအကုန်ထိုင်ဆော့ကြတာ။ ဘာလို့လဲဆိုတော့ လွယ်လင့်တကူပေါ့ နော်။ ပြောမယ်ဆိုရင် ဒီဖုန်းနဲ့က ၂၄ နာရီကြိုက်တဲ့အချိန်ကို ဆော့လို့ရတဲ့ အနေအထားဖြစ်နေတယ်။ ပြီးတော့ အဲဒါက လူတွေက စွဲတာပေါ့နော်။ စွဲပြီးမှ မဆော့ရရင် မနေနိုင်တဲ့သူတွေကို မြင်ရတယ်။ ဒါကလည်း တကယ် တမ်းကျတော့ ပြည်တွင်းကျားဖြန့်ပေါ့” လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဆွဲဆောင်မှုအပြည့်နဲ့ မက်လုံးပေးကြော်ညာနေတဲ့ စလော့ဂိမ်း၊ ငါးပစ်ဂိမ်းနဲ့ ကျွဲဂိမ်းစတဲ့ အွန်လိုင်းလောင်းကစားတွေရဲ့ နောက်ကွယ်ကလူတွေဟာ တရုတ်နိုင်ငံသားတွေ ဖြစ်ပြီး ကျားဖြန့် ဆန်ဆန်လည်ပတ်လှုပ်ရှားနေတာလို့ မြို့ခံတွေက ပြောကြပါတယ်။ ဒီပြောဆိုချက်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ ရန်ကုန်မြို့မှာလည်း ဒုစရိုက်မှုတွေကို စစ်တပ်လက်အောက်ခန့်ရဲတပ်ဖွဲ့က ထိထိရောက်ရောက်ဖမ်းဆီး အရေးယူတာမရှိလို့ ကိုယ့်လုံခြုံရေးကိုယ် ဂရုစိုက်နေရတယ်လို့ မြို့ခံတွေကပြောကြပါတယ်။ လက်ရှိကာလက ပြည်သူတွေအတွက်လုံခြုရေးကင်းမဲ့မှု အဆိုးဆုံးအခြေနေဖြစ်တယ်လို့ သက်ကြီးပိုင်း ရန်ကုန်မြို့ခံတစ်ယောက် က RFA ကို ပြောပါတယ်။ " အခုဒီခေတ်မှာက အဆိုးဆုံးက မူးယစ်ဆေးဝါးအမှု၊ ကျားဖြန့်အမှု နောက်ပြီးတော့ စလော့ဂိမ်းတွေ ဆော့နေ တဲ့ သူတွေက မသမာမှုတွေ နည်းလမ်းတွေနဲ့ဆောင်ရွက်တယ်။ ငွေရေးကြေးရေးပိုင်းမှာတော့ ဘယ်လိုမှ မရှာနိုင် တော့ ရှာလို့ရတဲ့ပုံစံနဲ့လိုက်ရှာပြီးတော့ မသမာမှုတွေ အများဆုံးလုပ်လာတဲ့ စနစ်ဆိုးတစ်ခုဖြစ်လာ တာပေါ့" တရားဥပဒေယန္တယားကို နိုင်ငံရေးမှာပဲသုံးနေတဲ့အတွက် ဒုစရိုက်မှုတွေကိုကိုင်တွယ်ဖို့အားနည်းနေတာလို့ ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူက သုံးသပ်ပါတယ်။ “ရာဇဝတ်မှုတွေ ဒုစရိုက်မှုတွေ ကျူးလွန်နေပါလျှက်နဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ၊ အုပ်ချုပ်ရေးရည်ရွယ်ချက် ကိစ္စတွေအတွက်ပဲ တရားဥပဒေယန္တရားကိုအသုံးပြုတာတွေဟာ တကယ် ဒုစရိုက်မှုတွေကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ဖို့အတွက်အားနည်းသွားတာ မျက်ကွယ်ပြုမိသွားတာမျိုးတွေကို အများ ပြည်သူလူထုက ကြုံတွေ့ရ နိုင်တယ်” ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ အွန်လိုင်းဂိမ်းတွေနဲ့ မူးယစ်ဆေးဝါးသုံးတဲ့ ဆိုးကျိုးအနေနဲ့ သုံးစွဲသူတွေဟာ ငွေကြေးအကျပ်အတည်းတွေ ကြောင့် ဒုစရိုက်မှုတွေပိုကျူးလွန်လာကြတာလို့ မြ၀တီမြို့က လူငယ်တစ်ယောက်ကပြောပါ တယ်။ “ကျွန်တော့် မိတ်ဆွေတစ်ဦးကတော့ အွန်လိုင်းဂိမ်းဆော့ပြီး အကြွေးတွေတင်လို့ ကိုယ့်ကိုယ်ကို သတ်သေသွား တယ်။ ကား၊ ခြံ အကုန်ကုန်တာပဲ။ ပိုက်ဆံတွေကို အတိုးတွေနဲ့ဆွဲ ရာကြီးပိုင်းတွေလောင်း ရှုံးလိုက်နိုင်လိုက်နဲ့ နောက်ဆုံးတော့ သိန်းရာနဲ့ချီ ထောင်နဲ့ချီကုန်တာပဲ။ ဆိုတော့ အဲဒါက လူတွေက ‘အ’ လို့တော့ မဟုတ်ဘူး။ သူတို့ဘက်က မက်လုံးအမျိုးမျိုးပေးပြီး မြူဆွယ်တာ။ ပြီးမှ ရှိသမျှအကုန် အပြောင်သိမ်းတာ” အာဏာသိမ်းပြီးနောက် စစ်တပ်က အွန်လိုင်းထိန်းချုပ်မှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေပေမဲ့ အွန်လိုင်း စလော့ဂိမ်းတွေကိုတော့ ထိမ်းချုပ်တာမတွေ့ရဘူးလို့ ထောက်ပြကြပါတယ်။

Download metadata bundle
29 Aug 2026, 00:30 GMT By RFA Burmese

ဒီတစ်ပတ်အစီအစဉ်မှာတော့ စစ်တပ်ကိုလက်နက်ကိုင်တိုက်ရင်း ဇာတိမြေ ဧရာ၀တီကို တပ်အင်အားနဲ့ပြန်ဝင်ဖို့ ကြိုးစားနေတဲ့ ဧရာ၀တီစစ်ကြောင်း အထူးလှုပ်ရှားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ကိုမျိုးသူရကိုကို နဲ့ စကားပြောထားပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်မတိုင်ခင်က သံအမတ်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းလိုက်တဲ့အတွက် လက်နက်ကိုင်လမ်းစဉ်ကိုရွေးပြီး ဇာတိမြေကို စွန့်ခွာခဲ့ သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ငါးနှစ်ကျော်စွန့်ခွာခဲ့တဲ့ ဇာတိမြေကို ပြန်တဲ့လမ်း တစ်လျှောက် စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့တိုင်းနီးပါး ကြုံတွေ့နေတယ်လို့ပြောပါတယ်။ ဒီအစီအစဉ်ဟာစစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ဒုက္ခသုက္ခတွေထဲ ခက်ခဲကြမ်းတမ်းစွာ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလူငယ်တွေရဲ့ ဘ၀တွေအကြောင်း ပြောပြနေတာြဖစ်ပြီးRFA Burmese ရဲ့ Facebook နဲ့ YouTube စာမျက်နှာတွေမှာ လည်း ကြည့်ရှုနားဆင် နိုင်ပါတယ်။

Download metadata bundle
28 Aug 2026, 20:56 GMT By RFA Burmese

ခင်ပွန်းဟောင်းဖြစ်သူ အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ မြန်မာ အာဏာပိုင် တွေက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ထိုင်းနိုင်ငံသူ ပါဗနီ ဆူပါစီရီဗီဆန် (Pavinee Supasirivisan) အမည်ရှိတဲ့ ထိုင်းအမျိုးသမီးကို မြန်မာ စစ်အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လူသတ်မှုနဲ့လည်း တရားစွဲဆိုခံရနိုင်တယ်လို့ အမှုနဲ့ နီးစပ်တဲ့ ရှေ့နေတစ်ဦးက သြဂုတ်လ ၂၆ နေ့က သတင်းဌာတွေကို ပြောကြားခဲ့ပါတယ်။ သူ့ကို သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်၊ ကမာရွတ်မြို့နယ်တရားရုံးက မြန်မာနိုင်ငံအတွင်း ရာဇဝတ်မှု ကျူးလွန်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင်ဒဏ်အပြစ်ပေးခဲ့တာလို့ သိရပါတယ်။ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးရဲ့အပြောအရ ဒီလူသတ်မှုနဲ့ ခြောက်လကနေ ငါးနှစ်အထိ ထောင်ဒဏ်ချ ခံရနိုင်ဖွယ်ရှိပြီး လောလောဆယ် သူ့ကို အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ မြန်မာနဲ့အမေရိကန် အစိုးရ အာဏာပိုင်တွေက အမည်ထုတ် ဖော်မပြောပေမယ့် နယူးယောက်ပို့စ်နှင့် အခြားသတင်းဌာနတွေအဆိုရ အသတ်ခံရတဲ့ အမေရိကန်သံအရာရှိဟာ အသက် ၄၃ နှစ်အရွယ် ဒန်နီရယ်ပေါလ်ရီဗာ (Daniel Paul Riva) လို့ သိရပါတယ်။ အမှုနဲ့ပတ်သက်လို့ သတင်းဌာနတွေက မေးမြန်းချက်တွေကို မြန်မာနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံး အရာရှိတွေက ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဌာနကိုသာ မေးဖို့ ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဌာနကကတော့ အမေရိကန်အစိုးရဝန်ထမ်းတစ်ဦး ရန်ကုန်သံရုံးမှာ သေဆုံးခဲ့တာမှန်ကန်ကြောင်း အတည်ပြုပြောကြားခဲ့ပေမယ့် အသေးစိတ်ဖြေကြားဖို့ကို ငြင်းဆန်ခဲ့ပါတယ်။ အမှုနဲ့ပတ်သက်လို့ တရားဝင်ထုတ်ဖော်ပြောခွင့်မရှိတဲ့အတွက် အမည်မဖော်လိုတဲ့ မြန်မာနိုင်ငံက သံတမန်အသိုင်းအဝိုင်း သတင်းအရင်းအမြစ်တွေ ကတော့ အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်းဟာ ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က ဆာကူရာ အိမ်ရာနဲ့ဟိုတယ်မှာ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ AP သတင်းဌာနကို ဇွန်လဆန်းက ဖြေကြားခဲ့ပါတယ်။ ရန်ကုန် အင်းလျားလမ်းပေါ်က ဆာကူရာအိမ်ရာနဲ့ ဟိုတယ်ဟာ တက္ကသိုလ်ရိပ်သာလမ်းပေါ်မက အမေရိကန်သံရုံးနဲ့ တစ်မိုင်အကွာမှာရှိတာမို့ အမေရိကန်သံတမန်တွေအကြား ‌အခန်း ရေရှည်ငှါးရမ်းနေထိုင် ကြရာမှာ နာမည်ကြီးတဲ့ ဟိုတယ်လို့ သိရပါတယ်။ ဒီအမှုဟာ လူသတ်မှုဖြစ်နိုင်တယ်လို့ သံသယရှိတာကြောင့် ထိုင်းအမျိုးသမီးကို ဖမ်းဆီးထားတာလို့ ပြောပါတယ်။ ထိုင်းနိုင်ငံခြားရေးဌာနကတော့ မြန်မာရဲတပ်ဖွဲ့က ဖမ်းထားတဲ့ ထိုင်းနိုင်ငံသူကို လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးထားပြီး မိသားစုကိုလည်း အကြောင်းကြားထားပေးတယ်လို့ Thai PBS သတင်းမှာ ရေးသားထားပါတယ်။

Download metadata bundle
28 Aug 2026, 20:54 GMT By RFA Burmese

မလေးရှားနိုင်ငံအနေနဲ့ စက်တင်ဘာ ၂၉ ရက်နေ့မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေး အကျဥ်းထောင်တွေထဲက ရိုဟင်ဂျာ ၁၄၇၆ ဦးကို ပထမဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံကို ပြန်ပို့သွားမယ်လို့ သြဂုတ် ၂၇ ရက်နေ့က မလေးရှားအစိုးရ ပြည်ထဲရေးဌာနက ကြေညာပါတယ်။ မလေးရှား ဒေသခံနိုင်ငံသားတွေနဲ့ ရိုဟင်ဂျာတွေအကြား တင်းမာမှုတွေ မြင့်တက်လာနေချိန်မှာ မ‌လေးရှား ဝန်ကြီး ချုပ် အန်ဝါအီဘရာဟင် (Anwar Ibrahim)က မြန်မာနိုင်ငံအစိုးရသစ်အနေနဲ့ ရိုဟင်ဂျာ ၅၀၀၀ ကို နေရပ်ပြန်ရန် သဘောတူညီခဲ့တယ် လို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဒီအစဥ်အရ ပထမအဆင့်ကို စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မြန်မာဘက်က ဖော်ထုတ် ပေးပို့ ထားတဲ့ မြန်မာနိုင်ငံသား ၁၄၇၆ ဦးပါမယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ သူတို့ကို မြန်မာရေတပ် စစ်သင်္ဘောနှစ်စင်းနဲ့ ဆေးရုံသင်္ဘောတစ်စင်း အသုံးပြုသယ်ဆောင်မယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ်အတွင်း မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာ ၄၀၀၀ ကျော်ကို အစိုးရအသိအမှတ်ပြု ဒုက္ခသည် မှတ်ပုံတင်စာရွက်စာတမ်း (DPP) အစီအစဉ်နဲ့ မှတ်ပုံတင်ပေးမှာဖြစ်ပြီး ကျန် ၅၀၀၀ကိုတော့ မြန်မာနဲ့ သဘောတူထားတဲ့အတိုင်း မိမိဆန္ဒအလျောက် နေရပ်ပြန်ရေးလုပ်ငန်းစဉ်နဲ့ ပြန်ပို့မယ်လို့လည်း မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။ မြန်မာနိုင်ငံက စစ်တပ်ခန့်အစိုးရကတော့ ဒီလိုပြန်ပို့တာလက်ခံမယ်ဆိုတဲ့ သတင်းတွေအပေါ် တစုံတရာ လူသိရှင်ကြား ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ဒီလို အတင်းအကြပ် ပြန်ပို့တာဟာ သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း၊ သူတို့ကို ပြန်ပို့အစား တရားဝင် နေထိုင်ခွင့်အဆင့်သတ်မှတ်ပေးဖို့နဲ့ သူတို့အသက်လုံခြုံရေးကို ကာကွယ်ပေးဖို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က သြဂုတ်လ ၃ ရက်နေ့က ကြေညာချက်ထုတ်ပြန် ထောက်ပြထားပါတယ်။ HRW ရဲ့ အာရှဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဘရိုင်ရိုနီ လော (Bryony Lau) က “မြန်မာပြည်ပြန်ရောက်ရင် လူံအခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ဖိနှိပ်မှုတွေလည်း ကြုံရဖို့ရှိတဲ့အတွက် ရိုဟင်ဂျာ ၅၀၀၀ ကိုပြန်ပို့တာကို ရပ်ဖို့ တိုက်တွန်း” ထားပါတယ်။ အသက်အန္တရာယ်ဘေးကျရောက်နိုင်တယ်ဆိုရင် မလေးရှားရောက် ရိုဟင်ဂျာ ၅၀၀၀ မြန်မာနိုင်ငံပြန်ပို့မဲ့ အစီအစဥ်ကို ဆက်အကောင်အထည်မှာ မဟုတ်ပါဘူးလို့ မလေးရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဖာမီ ဖတ်ဇေး (Fahmi Fadzil) က သြဂုတ်လ ၅ ရက်နေ့က တုံ့ပြန် ပြောကြားခဲံ့ ပါတယ်၊ ဇူလိုင် ၂၃ ရက်နေ့က မလေးရှား ဒုနိုင်ငံခြားရေးဝန်ကြီးက မလေးရှားလွှတ်တော်မှာ လူဝင်မှုကြီးကြပ်ရေးဌာန အကျဥ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသား ၅၀၀၀ ကို မြန်မာပြည်ပြန်ပို့ဖို့ စီစဥ်နေကြောင်း ပထမဆုံး တင်ပြခဲ့ပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာဘက်က သဘောတူညီချက်ရခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ “ဒီအရေးကိစ္စအကောင်အထည်ဖော်ဖို့ အစပိုင်းမှာ ခက်ခဲခဲ့ပေမယ့် မြန်မာနဲ့ မလေးရှား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံပြီး နောက်ဆုံးမှာ အောင်မြင်ခဲ့တာပါ” လို့သူက ပြောပါတယ်။ မလေးရှားနိုင်ငံဟာ ဒုက္ခသည်အရေးနဲပတ်သက်လို့ ဇန်နဝါရီလက စတင်ခဲ့တဲ့ ဒုက္ခသည် မှတ်ပုံတင် အထောက်အထား(DPP) အစီအစဥ်အရ စနစ်တကျ ကိုင်တွယ်ဖြေရှင်းလိုတဲ့အတွက် ဒုက္ခသည် တွေကို မှတ်ပုံတင်ပေးတာတွေ ယာယီ ဆိုင်းငံ့ပေးဖို့ UNHCR ရုံးကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က (Mohamad Hasan) ဇူလိုင်လ ၂၃ ရက်နေ့က တောင်းဆိုထားပါတယ်။ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက UNHCR နဲ့ ပူးပေါင်းပြီး ဒုက္ခသည်စိစစ်လက်ခံတာကို တင်းတင်း ကြပ်ကြပ် လုပ်ဆောင်နေပြီး ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမရှိရင် မလေးရှားနိုင်ငံကို ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် မလေးရှားနိုင်ငံမှာ ရုံးဆက်မဖွင့်စေလိုကြောင်း၊ UNHCR ရုံးဟာ ဒုက္ခသည်တွေကို မလေးရှားကိုလာရောက်ဖို့ ဆွဲဆောင်ရာရုံးတစ်ခုဖြစ်နေကြောင်းလည်း သူကပြောပါတယ်။ မလေးရှားမှာ အခုနှစ် သြဂုတ်လ ၁၅ ရက်နေ့အထိ လဝက အကျဥ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသား ၁ သောင်း ကျော်ရှိတယ်လို့ သိရပြီး အားလုံးဟာ ဒုက္ခသည်ဟုတ်မဟုတ် မသိရသေးဘူးလို့လည်း ဆိုပါတယ်။ မလေးရှားနိုင်ငံရောက် ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက ၉၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ဒီအထဲမှာ ရိုဟင်ဂျာမူဆလင်တွေ ပါဝင်သလို ချင်း၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေလည်းပါဝင်တယ်လို့ သိရပါတယ်။ မလေးရှား UNHCR ရုံးရဲ့ မှတ်တမ်းတွေအရ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ ရိုဟင်ဂျာ ဒုက္ခသည် ၁၂၆၀၀၀ ခန့်ကို ဒုက္ခသည်မှတ်ပုံတင်ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Download metadata bundle
28 Aug 2026, 20:52 GMT By RFA Burmese

ရုရှားနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း ရိုဆာတွန် (Rosatom) က မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံငယ်တစ်ခုကို ၂၀၂၇ မှာ စပြီးတည်ဆောက်မယ်လို့ ကုမ္ပဏီက ထုတ်ဝေတဲ့ သတင်းလွှာမှာ ပြောကြားလိုက်ပါတယ်။ ရိုဆာတွန် ညွှန်ကြားရေးမှူးချုပ် အလက်ဇေ လီခါချက် (Alexey Likhachev) က ၂၀၂၆ နှစ်မကုန်မီ ကနဦး စာချုပ်ကို လက်မှတ်ရေးထိုးရန် မျှော်လင့်ထားတယ်လို့အတည်ပြုခဲ့ပြောကြားပါတယ်။ သြဂုတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံကို အလည်အပတ်ရောက်လာတဲ့ စစ်တပ်ခန့် အစိုးရအကြီးအကဲ ဦးမင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ၊ ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင် (Mikhail Mishustin ) တို့ နှစ်နိုင်ငံထိပ်သီးအစည်းအဝေးတွအပြီး အခုလို ရိုဆာတန်က ကြေညာချက် ထွက်လာတာဖြစ်ပါတယ်။ ရုရှားဝန်ကြီးချုပ်က ဒါဟာ ရုရှားမြန်မာချစ်ကြည်ရေး သင်္ကေတ လို့ ပြောပါတယ်။ “ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ အသေးစားနယူကလီယားသုံး စွမ်းအင်စက်ရုံကို တည်ဆောက်ပြီးစီးဖို့ သဘောတူထားပါတယ်။ ဒီစီမံကိန်းကြောင့် နှစ်နိုင်ငံအကြား ဆက်စပ်နေတဲ့ စွမ်းအင်နဲ့ သိပ္ပံကဏ္ဍတွေမှာ ပူးပေါင်း‌ဆောင်ရွက်ရေး တိုးမြှင့်နိုင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ ရုရှားမြန်မာချစ်ကြည်ရေး သင်္ကေတသစ် ဖြစ်လာမှာပါ။” ဒီစက်ရုံကနေ ကနဦး ၁၁၀ မီဂါဝပ်ရှိတဲ့ လျှပ်စစ်စွမ်းအင်ကို ထုတ်နိုင်မှာဖြစ်ပြီး မီဂါဝပ် ၃၃၀ အထိ တိုးချဲ့နိုင်မယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ဒီလိုတည်ဆောက်မယ့် နေရာနဲ့အချိန်ကာလကို စစ်အာဏာပိုင်တွေ ထိန်းချုပ်ထားတဲ့ မြန်မာ မီဒီယာတွေမှာ အသေးစိတ် တရားဝင် ကြေညာတာ မရှိသေးပေမယ့် နေပြည်တော်အရှေ့ဘက် ၃၁ မိုင်အကွာတရှိ ဇေယျာသီရိ မြို့နယ် ပေါင်းလောင်းဆည်အနီးမှာ ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ဖော်ရေးသာခဲ့ဖူးပါတယ်။ မြန်မာစစ်ခေါင်းဆောင်အဆက်ဆက် ရုရှားနိုင်ငံကနေ နယူကလီယားစွမ်းအင် အသုံးပြုရေးကို ၂၀၀၀ ပြည့်နှစ်တွေကတည်းက သဘောတူခဲ့တာဖြစ်ပြီး ၂၀၂၃ မှာ တစ်ကြီမ်၊ ၂၀၂၅ မှာ တစ်ကြိမ် နောက်ဆက်တွဲ သဘောတူစာချူပ် တွေ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ ရုရှားက အခုလို မြန်မာစစ်အာဏာပိုင်တွေကို ပူး‌ပေါင်းပြီး တရားဝင်မှုနဲ့ စစ်အာဏာတည်မြဲရေး ‌ထောက်ခံ အားပေးတာ ကို Fortify Rights နဲ့ တခြား လူ့အခွင့်အရေးအဖွဲ့တွေက ရုရှားအစိုးရနဲ့ ရိုဆာတွန် ကုမ္ပဏီကိုပါ ဝေဖန်ရှုံ့ချထားပါတယ်။ မြန်မာစစ်တပ်နဲ့ နယူကလီယားပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမှုတွေ ကို အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂက လည်း စိုးရိမ်ပူပန်ကြောင်း အရင်က ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။

Download metadata bundle